Popular Journal
Credit to Popular Journal - အာရှယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်အဖြစ် မြန်မာနှင့်ထိုင်းအသင်းတို့ ယနေ့ မေ (၁၂)ရက် မြန်မာစံတော်ချိန် ည(၁၁)နာရီခွဲအချိန်၌ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။ အဆိုပါအသင်းနှစ်သင်းအနေဖြင့် အနိုင်အရှုံးရလဒ် အရေးမပါတော့ဘဲ နှစ်သင်းစလုံး အုပ်စုအဆင့်မှ လှည့်ပြန်ရမည်ဖြစ်သည်။ မြန်မာယူ-၁၇အသင်းသည် အုပ်စုအဖွင့်ပွဲ၌ အိမ်ရှင် ဆော်ဒီအာရေဗျအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးပြီးနောက် တာဂျစ်ကစ္စတန်ကို ထပ်မံရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုအဆင့်ကထွက်ခဲ့ရသည်။ ထိုင်းအသင်းမှာလည်း ဆော်ဒီနှင့် တာဂျစ်ကစ္စတန်ကို ရှုံးခဲ့ခြင်းကြောင့် အမှတ်မရရှိဘဲ အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို မေ လ (၅)ရက်မှ (၂၂)ရက်အထိ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ၊ ပြိုင်ပွဲ၏ အုပ်စု(A) တွင် မြန်မာအသင်းသည် အိမ်ရှင် ဆော်ဒီအာရေးဗီးယား၊ ထိုင်း၊ တာဂျကစ္စတန် အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့သည်။ The post အာရှယူ-၁၇ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်း ယနေ့ယှဉ်ပြိုင်မည် appeared first on Popular .
Go to News Site