Collector
မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ (၂) ပေကျော် ပြန်တက်လာသော်လည်း စိုးရိမ်စရာမလိုဟုဆို | Collector
မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ (၂) ပေကျော် ပြန်တက်လာသော်လည်း စိုးရိမ်စရာမလိုဟုဆို
Popular Journal

မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ (၂) ပေကျော် ပြန်တက်လာသော်လည်း စိုးရိမ်စရာမလိုဟုဆို

Credit to Popular Journal - ဧရာဝတီမြစ်ရေသည် ပြီးခဲ့သည့် (၁၂) နာရီအတွင်း မြစ်ကြီးနားမြို့တွင် နှစ်ပေကျော် ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတိုင်းတာချက်အရ စိုးရိမ်ရေမှတ်သို့ မရောက်သေးသဖြင့် စိုးရိမ်စရာမလိုကြောင်း ဧရာဝတီမြစ်ရေးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဧရာဝတီမြစ်ရေသည် နောက်ထပ် တစ်ပေခွဲခန့် ထပ်မံမြင့်တက်နိုင်ခြေရှိနေသော်လည်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁၂၀၀ စင်တီမီတာသို့ ရောက်ရှိရန် ၈၄၁ စင်တီမီတာ (၂၇ ပေခွဲခန့်)အလိုတွင် ရှိနေသေးသည့်အတွက် ထူးကဲမြစ်ရေကြီးနိုင်သည့် အခြေအနေမရှိကြောင်း ဆိုသည်။ ဒေသတွင်း မိုးလေဝသအခြေအနေခန့်မှန်းချက်အရ ကချင်ပြည်နယ်နှင့် မြန်မာပြည်မြောက်ပိုင်း အစွန်အဖျားဒေသများ၊ မေခနှင့် မလိခ မြစ်ဝှမ်းတစ်လျှောက်တွင် တိမ်ထူထပ်နေပြီး မိုးအသင့်အတင့် ရွာသွန်းနိုင်ကာ ယနေ့မှစ၍ နောက် (၄) ရက်ခန့်အထိ မိုးအား ပြန်လည်လျော့နည်းသွားနိုင်ကြောင်း ခန့်မှန်းထားသည်။ မြောက်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့တွင် မြစ်ရေဆက်တိုက်မြင့်တက်လာနိုင်သဖြင့် […] The post မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ (၂) ပေကျော် ပြန်တက်လာသော်လည်း စိုးရိမ်စရာမလိုဟုဆို appeared first on Popular .

Go to News Site