Collector
ရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်များတွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာအင်တာနက်ကြိုးများကို ရှင်းလင်းသဖြင့် အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ် | Collector
ရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်များတွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာအင်တာနက်ကြိုးများကို ရှင်းလင်းသဖြင့် အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်
Popular Journal

ရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်များတွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာအင်တာနက်ကြိုးများကို ရှင်းလင်းသဖြင့် အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်

Credit to Popular Journal - ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ၎င်းတို့ပိုင်ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို စစ်ဆေးဖယ်ရှားခြင်းများ ပုံမှန်လုပ်ဆောင်လျက်ရှိရာ၊ မြို့နယ်အချို့တွင် အင်တာနက်ဆက်သွယ်မှု ပြတ်တောက်ခြင်းများဖြစ်ပေါ်နေကြောင်းသိရသည်။ “နေ့လည်က အကုန်လာရှင်းနေကြတာတွေ့တယ်။ စည်ပင်က တာဝန်ရှိသူတွေလဲ ပါကြတယ်။ ဒါပေမယ့် အခုလိုကြီး တစ်လမ်းလုံး အကုန်ဖြတ်ချ ဖြုတ်ချသွားမယ်တော့ မထင်မိဘူးပေါ့။ ဓာတ်တိုင်တွေမှာ ကြိုးတွေမြင်မကောင်းအောင် ရှုတ်နေတာ အကုန်ရှင်းသွားလို့ ဝိုင်ယာရှော့ဖြစ်မှာတွေဘာတွေအတွက်ရင်အေးရသလို ဒီနှစ်မှာ မနှစ်ကထက် မီးပိုမှန်လို့လဲ YESC ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခုလို ဘာမပြောညာမပြောနဲ့ အင်တာနက်တွေ ပြတ်ကုန်တာကတော့ အဆင်မပြေဘူးပေါ့”ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။ ဖြုတ်ချသွားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများမှာ လမ်းဘေးတွင်သာ စုပုံလျှက်ရှိနေပြီး အမှိုက်သိမ်းမည့်သူများရောက်မလာကြသေးကြောင်း သိရသည်။ “ကျွန်တော်အပြင်သွားနေတာ အိမ်ပြန်ရောက်တော့ အင်တာနက်ကမရတော့ဘူး။ ကျွန်တော့်အိမ်ကိုသွယ်ထားတဲ့ကြိုးလဲ ပါသွားမှာပေါ့လေ။ ဒါကြောင့် မြန်မာနက်ကိုဖုန်းဆက်ပြောတော့ နက်ဖြန်လာစစ်ပြီး […] The post ရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်များတွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာအင်တာနက်ကြိုးများကို ရှင်းလင်းသဖြင့် အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ် appeared first on Popular .

Go to News Site