Collector
မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ မွေထိုင်း ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံထွက်ခွာ | Collector
မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ မွေထိုင်း ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံထွက်ခွာ
Popular Journal

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ မွေထိုင်း ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံထွက်ခွာ

Credit to Popular Journal - မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပမည့် “Knock out” မွေထိုင်း ပြိုင် ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံသို့ ယနေ့ မေ ၁၂ ရက်ည ၉ နာရီက အပြည်ပြည်ဆိုင်ရာမြန်မာလေ ကြောင်း(MAI)ဖြင့်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲ၏ မေ ၁၅ ရက်၌ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား စူပါရေချမ်းသည် (၆၃)ကီလိုတန်းတွင် ထိုင်းလက်ဝှေ့ကစားသမား၊ စောဘဟိန်းသည် (၆၃)ကီ လိုတန်းတွင်ဂျပန်လက်ဝှေ့ကစားသမား၊ ဒေါင်းမိုက်သွေးသည် (၅၁)ကီလိုတန်းတွင် ဂျပန်လက်ဝှေ့ကစား သမားတို့နှင့် ယှဥ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ် ကြောင်း သိရသည်။ ဂျပန်နိုင်ငံသို့ထွက်ခွာသွားသည့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့တွင် ဂျပန်နိုင်ငံ၌ တစ်နှစ်ကြာသည်အထိ မြန်မာ့ရိုးရာလက်ဝှေ့ပညာသင်ကြားပေးမည့် နည်းပြနှစ်ဦးဖြစ်သော ကြယ်စင်ဖြိုးနှင့် ဟံသာဝတီသားတို့လည်းလိုက်ပါသွားခဲ့ကြောင်း သိရသည်။ The post မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများ မွေထိုင်း ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံထွက်ခွာ appeared first on Popular .

Go to News Site