Collector
ယခုနှစ်အတွင်း ရုရှားသို့ သွားရောက်နိုင်ခြေရှိကြောင်း ထရန့်ပြောကြား | Collector
ယခုနှစ်အတွင်း ရုရှားသို့ သွားရောက်နိုင်ခြေရှိကြောင်း ထရန့်ပြောကြား
Popular Journal

ယခုနှစ်အတွင်း ရုရှားသို့ သွားရောက်နိုင်ခြေရှိကြောင်း ထရန့်ပြောကြား

Credit to Popular Journal - အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က TASS သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာတွင် သူ့အနေဖြင့် ယခုနှစ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။ “ဒါဟာ ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာက ယူကရိန်းပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် လိုအပ်တာမှန်သမျှ ကျွန်တော် လုပ်ဆောင်သွားမှာပါ” ဟု အမေရိကန်ခေါင်းဆောင်က တရုတ်နိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များနှင့် စကားပြောစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ သူက ဆက်လက်၍ “ကျွန်တော် စစ်ပွဲပေါင်း ရှစ်ခုကို ဖြေရှင်းပေးခဲ့ပြီးပါပြီ။ အခု စစ်ပွဲ (ယူကရိန်းစစ်ပွဲ) ကလည်း ပြေလည်မှုရဖို့ နီးစပ်လာပါပြီ။ ယုံချင်ယုံ မယုံချင်နေပါ၊ ဒါဟာ တကယ်ကို နီးစပ်နေပါပြီ။ ရုရှားနဲ့ ယူကရိန်းကြားမှာ ပြေလည်တဲ့ သဘောတူညီချက်တစ်ခု ရရှိတော့မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် […] The post ယခုနှစ်အတွင်း ရုရှားသို့ သွားရောက်နိုင်ခြေရှိကြောင်း ထရန့်ပြောကြား appeared first on Popular .

Go to News Site