Popular Journal
Credit to Popular Journal - ပညာရပ်ဆိုင်ရာ ပူးပါင်းဆောင်ရွက်ရေးတို့ နှင့် ပတ်သက်ပြီး ဆွေးနွေး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia ကို ယမန်နေ့ က နေပြည်တော် ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ Naypyitaw State Academy ကျောင်းများနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ The post မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီးကို ပညာရေးပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ appeared first on Popular .
Go to News Site