Popular Journal
Credit to Popular Journal - မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေစေရန် လာမည့် မေ ၁၅ ရက်မှစတင်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အပါအဝင် ခရီးစဉ်အချို့တွင် ရထားများ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်များမှာ ရန်ကုန်-မန္တလေး-ရန်ကုန်၊ သာစည်-နေပြည်တော်-သာစည်၊ နေပြည်တော်-တောင်ငူ-နေပြည်တော်နှင့် တောင်ငူ-ပဲခူး-တောင်ငူ ခရီးစဉ်များဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တွင် အမှတ်(၃)အဆန်/အမှတ်(၄)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားကို ထပ်မံပြေးဆွဲပေးမည်ဖြစ်ပြီး၊ သာစည်-နေပြည်တော်-သာစည် ခရီးစဉ်တွင် အမှတ်(သ-၄၀၁)အဆန်/အမှတ်(သ-၄၀၂)အစုန် RBE ခရီးတိုရထား၊ နေပြည်တော်-တောင်ငူ-နေပြည်တော် ခရီးစဉ်တွင် အမှတ်(သ-၅၀၁)အဆန်/အမှတ်(သ-၅၀၂)အစုန် RBE ခရီးတိုရထားနှင့် တောင်ငူ-ပဲခူး-တောင်ငူ ခရီးစဉ်တွင် အမှတ်(သ-၆၀၁)အဆန်/အမှတ်(သ-၆၀၂)အစုန် RBE ခရီးတိုရထားများကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။ RBE ခရီးတိုရထားများအတွက် နေပြည်တော်-သာစည်၊ သာစည်-နေပြည်တော်၊ နေပြည်တော်-တောင်ငူနှင့် တောင်ငူ-နေပြည်တော် ခရီးစဉ်များ၏ အစအဆုံး […] The post မေ ၁၅ ရက်မှစ၍ ရန်ကုန်-မန္တလေး DEMU အမြန်ရထားအပါအဝင် ခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည် appeared first on Popular .
Go to News Site