Popular Journal
Credit to Popular Journal - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ လက်ခံခေါ်ယူနေကြောင်း မေ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ခြင်းမရှိသည့် သတ်မှတ်ထားသော ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းမှုအမျိုးအစားများအလိုက် ကျောင်းအပ်နှံနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်တိုင်ခေါ်ဆောင်၍ လာရောက်အပ်နှံရမည်ဖြစ်ပြီး မေလ တတိယပတ်အတွင်း ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရွေးချယ်ခံရသူများအနေဖြင့် ဖွံ့ဖြိုးမှုနယ်ပယ် (၅) ရပ်အပြင် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများကိုလည်း လေ့ကျင့်သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကျောင်းများမှာ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်) နှင့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး) တို့ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။ The post ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများ ကျောင်းသား၊ ကျောင်းသူများ ခေါ်ယူ appeared first on Popular .
Go to News Site