Popular Journal
Credit to Popular Journal - ထိုင်းအာဏာပိုင်များသည် နိုင်ငံတွင် တိုးပွားလာနေသော နိုင်ငံခြားရာဇဝတ်မှုလုပ်ငန်းများကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့(အာရ်တီပီ) က တင်ပြထားသော အဆင့်သုံးဆင့်ဖြင့် အရှိန်မြှင့်နှိမ်နင်းရန်နှင့် နိုင်ငံခြားသား အခြေချနေထိုင်မှုကို ကိုင်တွယ်ဖြေရှင်းမည့် ယန္တရားများနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆွေးနွေးလျက်ရှိသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် အခြား နိုင်ငံခြားသားများ၏ အခြား တရားမဝင်လုပ်ငန်းဆောင်တာများကို ပပျောက်စေရန် ရည်ရွယ်သည့် အရေးပေါ်သုံးလကြာလှုပ်ရှားမှုအစီအစဉ်အပါအဝင် စီမံချက်များကို အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော်ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီးကစ်ထာရတ် ပွန်ပက်ချ်က အင်္ဂါနေ့တွင် အမိန့်ပေးခဲ့သည်။ ၎င်းတို့အနေဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ တရားမဝင် ပြည်ဝင်မှုနှင့် ရာဇဝတ်မှုလုပ်ငန်းဆောင်တာများအတွက် ထိုင်းနိုင်ငံကို ကြားခံနေရာ သို့မဟုတ် ပုန်းအောင်းရာနေရာအဖြစ် အသုံးပြုခြင်းအပြင် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေသည့် တရားမဝင်အလုပ်အကိုင် သို့မဟုတ် အမည်ခံစီးပွားရေးလုပ်ငန်းများကို ကာကွယ်တားဆီးရန် အာရုံစိုက်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဒုတိယဗိုလ်ချုပ်ကြီး ထရိုင်ရောင် ဖီဖန်က ပြောကြားခဲ့သည်။ ယူနစ်အားလုံးကို […] The post တရားမဝင်နိုင်ငံခြားသားလုပ်ငန်းများကိုထိုင်းကစီမံချက်ဖြင့် ရှင်းလင်းမည် appeared first on Popular .
Go to News Site