Collector
မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ | Collector
မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ
Popular Journal

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

Credit to Popular Journal - ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံ သား(၂၀)ဦးကိုလည်း လုံခြုံရေးအဖွဲ့ဝင်များက ထပ်မံထိန်းသိမ်းနိုင်ခဲ့သဖြင့် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။ ဖမ်းဆီးရမိသူများသည် ပြည်ဝင်ခွင့်ဗီဇာစည်းကမ်းဖောက်ဖျက်ခဲ့၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီး ကြပ်ရေး(လတ်တလော)ပြဌာန်းချက်များအက်ဥပဒေပုဒ်မ […] The post မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ appeared first on Popular .

Go to News Site