Khit Thit Media
ရန်ကုန်၊ မေ ၁၃ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့မြို့နယ်အတွင်း တရားမဝင် မြန်မာအလုပ်သမားများကို တင်ဆောင်လာသော ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားဟောင်း တစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။ ယမန်နေ့ မေလ ၁၂ ရက်နေ့က အယုဒ္ဓယခရိုင်၊ ဝမ်နွဲ့မြို့နယ်အတွင်းရှိ ဖဟွန်ယိုးသင် လမ်းမကြီးပေါ်တွင် မှန်အမည်းများ တပ်ဆင်ထားပြီး ကားကိုယ်ထည် နိမ့်ဆင်းနေသည့် သံသယဖြစ်ဖွယ် Mitsubishi အနက်ရောင်ကားတစ်စီးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ယာဉ်မောင်း ကိုဖြိုးမင်းဇော်နှင့် အရှေ့ခန်းတွင် လိုက်ပါလာသူ ကိုကျော်ဇင်လတ်တို့သည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ခွင့် (Work Permit) အထောက်အထား ခိုင်လုံစွာ ရှိသူများဖြစ်သော်လည်း ကားနောက်ခန်းအတွင်း […] The post ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာသော မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားဟောင်း အပါအဝင် မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရ appeared first on Khit Thit Media .
Go to News Site