Khit Thit Media
ရန်ကုန်၊ မေ ၁၃ မကွေးတိုင်း၊ ဆောမြို့နယ် အတွင်း စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးနေ၍ စစ်ရေးတင်းမာနေကြောင်း ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။ မေလ ၁၃ ရက်နေ့မှစတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ကုန်းကြောင်း၊ လေကြောင်း ပစ်ကူများဖြင့် သာလွန်သောအင်အားအသုံးပြုကာ ဆောမြို့နယ်အတွင်းရှိ ကျောက်ထုမြို့ နှင့် ဆောမြို့ တို့ကို ရက် ၁၀၀ စီမံချက်ဖြင့် အင်အား ၁၀၀၀ ခန့် အသုံးပြု၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ လောင်းရှည်-ဆော လမ်းပိုင်းနှင့် တပြင်း-ကျောက်ထု လမ်းပိုင်းတွင် နေထိုင်သော ပြည်သူများအားလုံး ဘေးလွတ်ရာ လုံခြုံရာ နေရာများတွင် သတိရှိရှိ နေထိုင်ကြပါရန် […] The post ဆောမြို့နယ်အတွင်း စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးနေ၍ စစ်ရေးတင်းမာနေ၊ ပေါက်၊ ထီးလင်းနှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး appeared first on Khit Thit Media .
Go to News Site