Khit Thit Media
ရန်ကုန်၊ မေ ၁၃ အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေး ကြိုးပမ်း အားထုတ်မှုများအတွက် ပိုမိုအားကောင်းသော၊ ထိရောက်သည့် အကူအညီများ ပေးအပ်ကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ တောင်းဆိုသည်။ မေလ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ သီရိလင်္ကာနှင့် ထိုင်းအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့က ဦးဆောင်ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ အထိမ်း အမှတ် အခမ်းအနား ကျင်းပစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ကာ စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုများကို ဆက်တိုက် ကျူးလွန်လာခဲ့ပြီးနောက် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို နာယူကျင့်ကြံအားထုတ်ရန်ပင် စိန်ခေါ်မှု အလွန့်အလွန် ကြီးမားလာခဲ့ကြောင်း၊ မြန်မာပြည်သူပြည်သားများအနေဖြင့် အတင်းအကျပ် နေရပ်စွန့်ခွာနေထိုင်ရခြင်းမှသည် […] The post အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေး ကြိုးပမ်း အားထုတ်မှုများအတွက် ပိုမိုအားကောင်းသော၊ ထိရောက်သည့်အကူအညီများ ပေးအပ်ကြရန် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ တောင်းဆို appeared first on Khit Thit Media .
Go to News Site