Collector
အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက် | Collector
အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက်
Popular Journal

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက်

Credit to Popular Journal - Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပြီးနောက် မြို့တော်တေရန်တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ တေရန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် တက်ကြွသော ပြတ်ရွေ့ကြောများစွာအနီးတွင် တည်ရှိနေပြီး မြေအောက်၌ စုပုံနေသော ငလျင်ဖိအားများကြောင့် အနာဂတ်တွင် ပိုမိုပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အဆိုပါဒေသတွင် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း တစ်ညအတွင်း ဆက်တိုက်အများအပြား ဖြစ်ပွားခြင်းမှာ ရှားပါးကြောင်း သိရသည်။ အရှေ့ပိုင်းတေရန်ပြည်နယ်အတွင်း မှတ်တမ်းတင်ခဲ့သည့် ယင်းတုန်ခါမှုများသည် အီရန်၏ အတက်ကြွဆုံး ငလျင်ဇုန်များထဲမှ တစ်ခုဖြစ်သော Mosha ပြတ်ရွေ့ကြောအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်ပွားခဲ့သော ငလျင်များအနက် […] The post အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက် appeared first on Popular .

Go to News Site