Khit Thit Media
ရန်ကုန်၊ မေ ၁၄ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ပြည်သူ့နေအိမ်များကို ဖောက်ထွင်းခိုးယူနေသည့် စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းတစ်ဦးကို လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CDF-Hakha တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ယမန်နေ့ မေလ ၁၃ ရက်နေ့က ဟားခါးမြို့အတွင်း ပြည်သူများအား ငွေညစ်တောင်းခံခြင်းနှင့် နေအိမ်များအား ဖောက်ထွင်းဓားပြတိုက်ခြင်း စသည့် ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်စေသော လုပ်ရပ်များ ကျူးလွန်နေသည့် စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းအဖွဲ့ဝင်တစ်ဦးကို လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဟားခါးမြို့အတွင်းမှာပင် CDF-Hakha တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ စစ်ရေးအခြေအနေများကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှု ဖြစ်ပွားနိုင်သည့် နေရာများနှင့် လူသူသွားလာမှုနည်းပါးသော ဒေသများသို့ မိဘပြည်သူများအနေဖြင့် လုံခြုံရေးအရ မလိုအပ်ဘဲ သွားလာခြင်းမပြုကြရန် အထူးမေတ္တာရပ်ခံထားသည်။ CDF-Hakha အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို […] The post ဟားခါးမြို့ပေါ် ပြည်သူ့နေအိမ်များကို ဓားပြတိုက်နေသည့် စစ်မှုထမ်းတပ်သား ၁ ဦးကို လက်ပစ်ဗုံးနှင့်အတူ ဖမ်းမိ၊ ကြို့ပင်ကောက်တွင်လည်း စစ်မှုထမ်းတပ်သား ၂ ဦး အလင်းဝင် appeared first on Khit Thit Media .
Go to News Site