Khit Thit Media
ရန်ကုန်၊ မေ ၁၄ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၂ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးပြီး ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းပိုင်းရှိ ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယနေ့ မေလ ၁၄ ရက်နေ့ထိ ပခုက္ကူမြို့နယ် အတွင်းရှိ နံဂါတ်ရွာ၊ ကူကျွန်းရွာ၊ လက်ပံကျွန်းရွာ၊ ညောင်ပင်ရွာ […] The post ပခုက္ကူမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေ၊ ဒီးမော့ဆိုတွင်လည်း စစ်တပ်က ကက်သလစ် ဘုရားကျောင်းကို မီးရှို့ဖျက်ဆီး appeared first on Khit Thit Media .
Go to News Site