Collector
မြန်မာ-တရုတ်ပူးပေါင်း “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်” စီမံချက် စတင်၊ တစ်နှစ်အတွင်း လူဦးရေ ၁ သိန်းကို စစ်ဆေးပေးမည် | Collector
မြန်မာ-တရုတ်ပူးပေါင်း “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်” စီမံချက် စတင်၊ တစ်နှစ်အတွင်း လူဦးရေ ၁ သိန်းကို စစ်ဆေးပေးမည်
Popular Journal

မြန်မာ-တရုတ်ပူးပေါင်း “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်” စီမံချက် စတင်၊ တစ်နှစ်အတွင်း လူဦးရေ ၁ သိန်းကို စစ်ဆေးပေးမည်

Credit to Popular Journal - ကျန်းမာရေးဝန်ကြီးဌာန၏ အစိုးရသစ် ရက်(၁၀၀)စီမံချက်တစ်ရပ်အဖြစ် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မေ ၁၄ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါသည်” ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက စီမံချက်စတင်ကြောင်း အသိပေးအခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါ “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မြန်မာ-တရုတ်ပူးပေါင်း၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တစ်နှစ်အတွင်း လူဦးရေ ၁ သိန်းကို စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စီမံချက်ကို နိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်ရေးအတွက်လည်း ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ စီမံချက်အရ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားသူများ၊ အားကစားသမားများ၊ […] The post မြန်မာ-တရုတ်ပူးပေါင်း “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်” စီမံချက် စတင်၊ တစ်နှစ်အတွင်း လူဦးရေ ၁ သိန်းကို စစ်ဆေးပေးမည် appeared first on Popular .

Go to News Site