Popular Journal
Credit to Popular Journal - မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးရှိ မိုင်တိုင်အမှတ် ၁၆၅/၁ တွင် တည်ရှိသော ဆွာချောင်းတံတား(အပြန်လမ်း)ကို ၁၀ လကြာ ပြန်လည်တည်ဆောက်ပြီးနောက် ၂၀၂၆ ခုနှစ် မေ ၁၄ ရက်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားအား နေပြည်တော်ဘက်ခြမ်းတွင် တံတားအထူးအဖွဲ့(၆)ကလည်းကောင်း၊ ရန်ကုန်ဘက်ခြမ်းတွင် တံတားအထူးအဖွဲ့(၁၀)ကလည်းကောင်း တစ်ဖက်စီ တာဝန်ယူတည်ဆောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ အရှည်ပေ ၉၀၀ ရှိသည့် ဆွာချောင်းတံတား(အပြန်လမ်း)အသစ် ပြီးစီးပြီးနောက် မော်တော်ယာဉ်များကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုထားပြီဖြစ်ကြောင်း၊ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းအတွက် တန်(၆၀)အထိ ခံနိုင်ရည်ရှိကြောင်း သိရသည်။ ထို့ပြင် ဆွာချောင်းတံတား(အသွားလမ်း)အသစ် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တံတားသစ်တည်ဆောက်ပြီးစီးမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန […] The post ၁၀ လကြာ ပြန်လည်တည်ဆောက်ခဲ့သည့် ဆွာချောင်းတံတား(အပြန်လမ်း) ပြီးစီး၊ အမြန်လမ်းယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြု appeared first on Popular .
Go to News Site