Popular Journal
Credit to Popular Journal - ဇူလိုင်လ ၁၉ ရက်နေ့တွင် နူးဂျာစီပြည်နယ်ရှိ မက်လိုက်ဖ်အားကစားကွင်း၌ ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အမေရိကန်ဘောလုံး Super Bowl ပုံစံ တစ်ပိုင်းနားချိန် ဖျော်ဖြေပွဲကို မက်ဒေါနား၊ ရှာကီရာနှင့် ကေပေါ့ပ်အဖွဲ့ ဘီတီအက်စ်တို့က ဦးဆောင်သွားမည်ဖြစ်ကြောင်း စီစဉ်သူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ Coldplay မှ ခရစ္စမာတင်သည် ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲအတွက် ပထမဆုံးအကြိမ်ထည့်သွင်းသည့် ဖျော်ဖြေပွဲကို စီစဉ်တင်ဆက်မည်ဖြစ်သည်။ အသင်း ၄၈ သင်း ပါဝင်သည့် အကြီးဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် အမေရိက၊ ကနေဒါနှင့် မက္ကဆီကိုတို့တွင် စတင်မည်ဖြစ်သည်။ ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပထမပိုင်းနားချိန် ဖျော်ဖြေပွဲကို ပထမဆုံးအကြိမ် ထည့်သွင်းပြုလုပ်သွားမည်ဟု ပြီးခဲ့သည့်နှစ် မတ်လတွင် ကြေညာခဲ့သည်။ ထိုအချိန်ကမူ ဖျော်ဖြေမည့်သူ၊ ဖျော်ဖြေချိန် မည်မျှကြာမည်နှင့် တစ်ပိုင်းနားချိန်တွင် ဖျော်ဖြေပွဲလုပ်မည်ဆိုသည်တို့ကို ၎င်းက ထုတ်ပြောခဲ့ခြင်းမရှိပေ။ […] The post ကမ္ဘာ့ဖလားပွဲတွင် မက်ဒေါနား၊ ရှာကီရာနှင့်ဘီတီအက်စ်တို့ ဖျော်ဖြေမည် appeared first on Popular .
Go to News Site