Collector
နယုန်လပြည့်နေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်မည် | Collector
နယုန်လပြည့်နေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်မည်
Popular Journal

နယုန်လပြည့်နေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်မည်

Credit to Popular Journal - လာမည့် မေ ၃၀ ရက်တွင်ကျရောက်မည့် နယုန်လပြည့် (မဟာသမယအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်မည်ဖြစ်ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပမည့် နယုန်လပြည့် (မဟာသမယအခါတော်နေ့) အခမ်းအနားတွင် တီးခတ်သွားမည်ဖြစ်ကာ ယင်းနေ့နံနက်ပိုင်းတွင် စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးဆက်ကပ်ခြင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေးသံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရင်ပြင်တော်တောင်ဘက်မုခ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာတရားတော်များနာကြား၍ ရေစက်ချအမျှပေးဝေခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်သည်။ ထို့အတူ မဟာသမယနေ့ဖြစ်ပေါ်လာပုံကိုဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကပိလဝတ်နှင့် ကောလိယ အုပ်စု (၂) စုခွဲ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခြင်း၊ ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ The post နယုန်လပြည့်နေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ရင်ပြင်တော်ပေါ်ရှိခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်မည် appeared first on Popular .

Go to News Site