Popular Journal
Credit to Popular Journal - ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (PhD) သင်တန်းသားများကို ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒနှင့် စာရင်းအင်းပညာ အထူးပြုဘာသာရပ်များဖြင့် ခေါ်ယူလျက်ရှိကြောင်း သိရသည်။ ပါရဂူဘွဲ့သင်တန်း လျှောက်ထားသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အသက် ၄၅ နှစ်ထက် မကျော်လွန်သူဖြစ်ရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ပါရဂူအကြိုသင်တန်းကို အချိန်ပြည့် တစ်နှစ်တက်ရောက်နိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားသူများအနေဖြင့် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်၌ အနည်းဆုံး မဟာဘွဲ့ရရှိထားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဘာသာရပ်ဆိုင်ရာနှင့် အင်္ဂလိပ်စာ ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုအောင်မြင်ရမည်ဖြစ်သည်။ မဟာသုတေသနဘွဲ့ရရှိထားသူများမှာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုဘဲ လူတွေ့စစ်ဆေးမှုသာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာများကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် ပုံစံဖြင့် […] The post ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပါရဂူ (PhD) သင်တန်းသားများ ခေါ်ယူ appeared first on Popular .
Go to News Site