Popular Journal
Credit to Popular Journal - နယူးဒေလီ၊ မေ ၁၅ ရက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ နယ်သာလန်၊ ဆွီဒင်၊ နော်ဝေနှင့် အီတလီနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်ကို သောကြာနေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။ မီဒီယာများ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ်၏ အဆိုပါခရီးစဉ်သည် ကုန်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ ဆန်းသစ်တီထွင်မှုနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု တို့အပါအဝင် ကဏ္ဍပေါင်းစုံတွင် အိန္ဒိယ၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ခြင်းဖြစ်သကဲ့သို့ ဥရောပနှင့် ပင်လယ်ကွေ့ဒေသတို့တွင် နူးဒေလီ၏ တိုးချဲ့ထိတွေ့ဆက်ဆံမှုများကို ပိုမိုခိုင်မာစေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။ ယခုခရီးစဉ်သည် မိုဒီအတွက် နော်ဝေနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပြီး အနှစ် ၄၀ ကျော်အတွင်း အိန္ဒိယဝန်ကြီးချုပ်တစ်ဦးအနေဖြင့် စကန်ဒီနေးဗီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်လည်း ဖြစ်လာမည်ဖြစ်သည်။ Ref: […] The post အိန္ဒိယဝန်ကြီးချုပ် မိုဒီ ၅ နိုင်ငံခရီးစဉ် စတင် appeared first on Popular .
Go to News Site