Popular Journal
Credit to Popular Journal - မေလလယ်မှစ၍ မုတ်သုံလေမဝင်ခင်အထိကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း လေထုမငြိမ်မသက်မှုများကြောင့် မိုးလေဝသအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် လေပြင်းတို-က်ခြင်းနှင့် မိုးထစ်ချုန်းမှုများဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ (၁၅) ရက်တွင် အသိပေးနှိုးဆော်ထားသည်။ နေ့အပူချိန်များ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မိုးတိမ်တောင်များ၏ အကျိုးဆက်အနေဖြင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် တစ်နာရီ မိုင် (၄၀) မှ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်ကြောင်းနှင့် ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းများ၊ နေရာကွက်ကျား မိုးသီးကြွေနိုင်သည့် အခြေအနေများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထိုကဲ့သို့မိုးကြိုကာလဖြစ်စဉ်များကြောင့် မိဘပြည်သူများအနေဖြင့် လေပြင်းတိုက်စဉ်သစ်ပင်အောက်၊ ဓာတ်တိုင်အောက်နှင့် ကြော်ငြာဘုတ်များအနီး ခိုနားခြင်း ရှောင်ကြဉ်ရန်၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများရှိပါက လျှပ်စစ်ပစ္စည်းများ သတိထားကိုင်တွယ်ရန် သတိပေးထားသည်။ ယင်းအပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း မိုးလေဝသအခြေအနေမျကို အမြဲစောင့်ကြည့်ပြီး […] The post မိုးကြိုကာလ လေပြင်းနှင့်မိုးထစ်ချုန်းမှုများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြုရန် မိုး/ဇလ သတိပေးနှိုးဆော် appeared first on Popular .
Go to News Site