Collector
မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းသို့ ပြန်လည်ဝင်ရောက်ကစားရန် အဖွဲ့ချုပ်ထံ အယူခံဝင်ထားဟုဆို | Collector
မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းသို့ ပြန်လည်ဝင်ရောက်ကစားရန် အဖွဲ့ချုပ်ထံ အယူခံဝင်ထားဟုဆို
Popular Journal

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းသို့ ပြန်လည်ဝင်ရောက်ကစားရန် အဖွဲ့ချုပ်ထံ အယူခံဝင်ထားဟုဆို

Credit to Popular Journal - မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အသင်းမှ အနားယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့မိခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အသင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ထံ အယူခံလွှာကို တရားဝင် တင်သွင်းထားကြောင်း ယနေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖော်ပြလာသည်။ မောင်မောင်လွင်သည် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ရာသီပွဲစဉ်တစ်ခုတွင် ပွဲကြည့်ပရိတ်သတ်အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်အပေါ် အဖွဲ့ချုပ်က ပြစ်ဒ-ဏ်ချခဲ့စဉ် လက်ရွေးစင်အသင်းက နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်း၏ ဆုံးဖြတ်ချက်မှာ မှာ ယွင်းခဲ့ကြောင်း ပြန်လည်ပြောကြားလာခြင်းဖြစ်ပြီး ခဏတာစိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့သည့်အပေါ် နားလည်ပေးရန်နှင့် အမိနိုင်ငံအတွက် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ၎င်းက ဆိုသည်။ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ခဏတာ စိတ်ခံစားချက်နောက် လိုက်မိတာကြောင့် အရင်က ဆုံးဖြတ်ချက်ကို စိတ်လိုက်မာန်ပါ ချမှတ်ခဲ့မိပေမဲ့၊ မြန်မာ့လက်ရွေးစင်အသင်းကို ကိုယ်စားပြုရတဲ့ ဂုဏ်ယူမှုမျိုးနဲ့ ဘာနဲ့မှ […] The post မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် အသင်းသို့ ပြန်လည်ဝင်ရောက်ကစားရန် အဖွဲ့ချုပ်ထံ အယူခံဝင်ထားဟုဆို appeared first on Popular .

Go to News Site