Khit Thit Media
ရန်ကုန်၊ မေ ၁၅ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စံပြရပ်ကွက်ကို ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) ထံမှ သိရသည်။ ယနေ့ မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ပုဏ္ဏားကျွန်းမြို့ပေါ်၌ တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာစစ်လေယာဉ် ၂ စီးဖြင့် လာရောက်ကာ စံပြရပ်ကွက်အတွင်းသို့ ပေါင် ၂၀၀ နှင့် ပေါင် ၃၀၀ အမျိုးအစား ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း […] The post ပုဏ္ဏားကျွန်းမြို့ ၊စံပြရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု နေအိမများ ပျက်စီးပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် ရှုတ်ချ appeared first on Khit Thit Media .
Go to News Site