Collector
အားကောင်းသောလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေ မိုးဇလ၏ခန့်မှန်းချက်အရ ယနေ့ မေ ၁၆ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၌ နေရာကွက်၍မိုးကြီးမည် | Collector
အားကောင်းသောလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေ မိုးဇလ၏ခန့်မှန်းချက်အရ ယနေ့ မေ ၁၆ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၌ နေရာကွက်၍မိုးကြီးမည်
Popular Journal

အားကောင်းသောလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေ မိုးဇလ၏ခန့်မှန်းချက်အရ ယနေ့ မေ ၁၆ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၌ နေရာကွက်၍မိုးကြီးမည်

Credit to Popular Journal - ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေကြောင်း မိုးဇလထံမှ သိရသည်။ ထို့ကြောင့် ယနေ့ မေ ၁၆ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေ ရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့အတူ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိကာ ယင်းမိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်၍ကြိုတင်သတိပြုကြရန် […] The post အားကောင်းသောလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေ မိုးဇလ၏ခန့်မှန်းချက်အရ ယနေ့ မေ ၁၆ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်း၌ နေရာကွက်၍မိုးကြီးမည် appeared first on Popular .

Go to News Site