Collector
တရုတ်-အမေရိကန် ပြန်လည်ဆုံစည်းကြရာဝယ် | Collector
တရုတ်-အမေရိကန် ပြန်လည်ဆုံစည်းကြရာဝယ်
Popular Journal

တရုတ်-အမေရိကန် ပြန်လည်ဆုံစည်းကြရာဝယ်

Credit to Popular Journal - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပေကျင်းခရီးစဉ်အတွင်း မြင်တွေ့ရသည့် မြင်ကွင်းများဖြစ်သော အမေရိကန်အလံကို ဝှေ့ယမ်းနှုတ်ဆက်နေကြသည့် ကျောင်းသားလူငယ်လေးများ၊ အမေရိကန်ခေါင်းဆောင်နှင့်အတူ လိုက်ပါလာသည့် နည်းပညာကုမ္ပဏီ အမှုဆောင်အရာရှိများအဖွဲ့ စသည်တို့ထက် ပိုမိုအရေးပါသည့် အဓိကသတင်းစကားမှာ တရုတ်သမ္မတ ရှီကျင့်ဖိန်ကိုယ်တိုင် ပြောကြားခဲ့သည့် “အပြုသဘောတည်ဆောက်မှုရရှိစေမည့် မဟာဗျူဟာမြောက် တည်ငြိမ်မှု” ပင် ဖြစ်သည်။ ခေါင်းဆောင်နှစ်ဦးစလုံးက တစ်ဦးကိုတစ်ဦး ပြိုင်ဘက်များအဖြစ် ရှုမြင်ကြသော်လည်း ဆက်ဆံရေးများ ပြိုကွဲသွားသည်ကိုမူ မလိုလားကြောင်း ဖော်ပြခဲ့ကြရသည်။ တရုတ်နိုင်ငံပိုင်မီဒီယာများ၏ အဆိုအရ “တရုတ်နိုင်ငံ၏ တံခါးပေါက်သည် အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကျယ်ပြန့်စွာ ပွင့်လင်းလာမည်” ဟူသော ရှီကျင့်ဖိန်၏ အမေရိကန်အမှုဆောင်အရာရှိချုပ်များအပေါ် ကတိကဝတ်ပြုချက်ကို ထရမ့်က ကျေနပ်အားရမည်မှာ သေချာပါသည်။ သို့သော် ၎င်းတို့အကြား သဘောထားကွဲလွဲမှုများ မရှိခြင်းတော့ မဟုတ်ပေ။ အမေရိကန်သမ္မတနှင့် တံခါးပိတ်ဆွေးနွေးမှုများအတွင်း တရုတ်နိုင်ငံက အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း ကြေညာထားသည့် […] The post တရုတ်-အမေရိကန် ပြန်လည်ဆုံစည်းကြရာဝယ် appeared first on Popular .

Go to News Site