Collector
အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး | Collector
အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး
Popular Journal

အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး

Credit to Popular Journal - ဈေးကွက်အတွင်း ရောင်းချနေသည့် “တောင်ကြာပန်း” အပါအဝင် အမျိုးသားအားတိုးဆေး ခြောက်မျိုးတွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူများ မသုံးစွဲသင့်ကြောင်းနှင့် ရောင်းချဖြန့်ဖြူးသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ စစ်မှန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသည့် အမျိုးသားအားတိုးဆေးအချို့ကို ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဆင်ပြောင်ကြီးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေး၊ နတ်စည်းစိမ်အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး၊ ဇော်ဂျီလက်စွဲအမှတ်တံဆိပ် အကြောအားတိုးဆေး၊ တောင်ကြာပန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးနှင့် ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအားဆေးတို့မှာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း မှတ်ပုံတင်စဉ်က ဖော်ပြထားသည့် ဆေးဖုံနှင့် ဖော်စပ်နည်းများအတိုင်း မဟုတ်ဘဲ ထုတ်လုပ်ထားကြောင်း တွေ့ရှိရသည်။ ထို့ပြင် ယင်းဆေးများတွင် Sildenafil နှင့် Tadalafil […] The post အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး appeared first on Popular .

Go to News Site