Collector
ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေး ဆွေးနွေးနေ | Collector
ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေး ဆွေးနွေးနေ
Popular Journal

ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေး ဆွေးနွေးနေ

Credit to Popular Journal - ငါးအစာထုတ်လုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အရည်အသွေးမြင့်အစာကို သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်ရေးအတွက် ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေးကို ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ငါးအစာကုန်ကြမ်း (ပဲပုပ်ဖတ်) တင်သွင်းရန် စိစစ်ပြုစုခြင်း၊ ပုဂ္ဂလိက ငါးပုစွန်အစာတောင့်စက်ရုံများက မှတ်ပုံတင်ရေးနှင့် လိုအပ်သော ကိန်းဂဏန်းအချက်အလက်များ ပံ့ပိုးရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ငါးအစာထုတ်လုပ်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက လုပ်ငန်းအတွေ့အကြုံများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ The post ငါးအစာကုန်ကြမ်း ပဲပုပ်ဖတ် တင်သွင်းနိုင်ရေး ဆွေးနွေးနေ appeared first on Popular .

Go to News Site