Popular Journal
Credit to Popular Journal - ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခြင်းလုပ်ငန်းစဉ်များအား မေလ (၃၁) ရက်တွင် အပြီးသတ်ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ရွေးချယ်ခြင်းအား အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ရန် တို င်းဒေသကြီးအစိုးရအဖွဲ့ ၏ လမ်းညွှန်မှုအပေါ် ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးကြပ်ဆောင်ရွက်နိုင်ရန်မြို့နယ် အကူအညီပေးရေးအဖွဲ့အား မြို့နယ်အဆင့်ဌာနဆိုင်ရာ(၃၂)ဌာန၊ မြို့အဆင့်ဌာနဆိုင်ရာ(၁၄) ဌာန စုစုပေါင်း (၄၆) ဌာနတို့ဖြင့် ပါဝင်သော ကြီးကြပ်ဆောင်ရွက်သည့် အဖွဲ့ခွဲ (၁၀)ဖွဲ့ဖြင့် ရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ကြီးကြပ်ရေးအဖွဲ့များမှ ရွေးချယ်တင်ပြလာသော ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ၏ အမည်စာရင်းပါ ပုဂ္ဂိုလ်များကိုစိစစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း ဥပဒေ အခန်း (၃) ပုဒ်မ […] The post ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကျေးဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခြင်းကို မေလ (၃၁) ရက်တွင် အပြီးသတ် ရွေးချယ်ဆောင်ရွက်သွားမည် appeared first on Popular .
Go to News Site