Popular Journal
Credit to Popular Journal - ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ လွယ်ဆောင်ထောက်ကျေးရွာဝန်းကျင် သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၁၈)ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများနှင့်အတူ မေ ၁၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များက မိုင်းရှူးမြို့၊ လွယ်ဆောင်ထောက်ကျေးရွာ၏ သံလွင်မြစ်အနီး၌ တရားမဝင်ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သည့် တရုတ်နိုင်ငံသား(၁၈)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် မိုင်းစံမြို့၊ ဟိုပုံကျေးရွာ၏ သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများပြုလုပ်ဆောင်ရာတွင်အသုံးပြုကာ ဖျက် ဆီးထားသော အဆောက်အအုံများ၊ လုပ်ငန်းသုံးပ စ္စည်းများကိုလည်းထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြုလုပ်လျက်ရှိပြီး တရားဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ The post မိုင်းရှူးမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၁၈)ဦးကို လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများနှင့်အတူဖမ်းမိ appeared first on Popular .
Go to News Site