Popular Journal
Credit to Popular Journal - ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ အားလျော့သွားခဲ့ပြီးဖြစ်ကြောင်း မိုးဇလထံမှ သိရသည်။ ထိုသို့ အားလျော့သွားခဲ့သော်လည်း ရန်ကုန်တိုင်း၊ မန္တ လေးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိ၍ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ် လျှောက်တွင် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် မိုးဇလ၏ ယနေ့ မေ ၁၇ ရက်ညနေပိုင်းအထိခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့အတူ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်၊ ရခိုင်ကမ်းရိုးတန်းတို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ကြောင်း သိရသည်။ The post လေဖိအားနည်းရပ်ဝန်းအားလျော့သွားပြီဖြစ်သော်လည်း ရန်ကုန်တိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်း၍ မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နေမည် appeared first on Popular .
Go to News Site