Popular Journal
Credit to Popular Journal - ပြတိုက်များသည် လူသားအားလုံးကို ချိတ်ဆက်ပေးနိုင်သည့် တံတားတစ်စင်းအဖြစ် တည်ရှိနေမည်ဖြစ် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနားကို ယမန်နေ့က အမျိုးသားပြတိုက် (နေပြည်တော်) Mini Theatre ၌ ကျင်းပသည်။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရှင်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံပြတိုက်များ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနလက်အောက်မှ ပြတိုက်တာဝန်ခံများ၊ ဝန်ကြီးဌာနများမှ ပြတိုက်များနှင့် ပုဂ္ဂလိကပြတိုက် ဖွင့်လှစ်မည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်ကြကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ဆောင်ပုဒ်ကို Museums Uniting a Divided World “ကွဲပြားခြားနားသော ကမ္ဘာကြီးအား ပေါင်းစည်းပေးသောပြတိုက်များ” ဟူသည့် ဆောင်ပုဒ်ကို သတ်မှတ်ပေးခဲ့ကြောင်း၊ ယနေ့ကမ္ဘာတွင် […] The post ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ appeared first on Popular .
Go to News Site