Popular Journal
Credit to Popular Journal - လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး နှင့် နော်ဝေနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Ms.Elisabeth Schwabe Hansen နှင့် ပထမအတွင်းဝန် Mr.Mratin Nygaard တို့ကို ယမန်နေ့က ရခိုင်ပြည်နယ် အစိုးရရုံး ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နေမှု ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။ ထိုပြင် ယာယီနေရပ်စွန့်ခွာစုရပ်များတွင် နေထိုင်ကြညသ်ည့ ဒေသခံပြည်သူများ နှင့် စစ်ရှောင်စခန်းများတွင် နေထိုင်ကြသူများကို ထောက်ပံ့ပေးနေမှု ဆက်လက်ထောက်ပံ့မည် အစီအစဉ်များ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများ ဖော်ဆောင်ပေးရေး ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ The post ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် နော်ဝေ သံရုံးယာယီတာဝန်ခံအဖွဲ့ တို့ တွေ့ဆုံ appeared first on Popular .
Go to News Site