Collector
နမ့်လန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး | Collector
နမ့်လန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး
Popular Journal

နမ့်လန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး

Credit to Popular Journal - ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်လန်ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းကောင်းသက်စံ ထံမှ သိရသည်။ ယနေ့ မေလ(၁၉) ရက် နံနက်ပိုင်းက ဆွေးနွေးခဲ့ခြင်းဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခရာကျသည်ဖြစ်ကာ အရွယ်ရောက်သူတိုင်း မသင်မနေရပညာရေးစနစ်ကို အားပေးကြရန်နှင့် စာသင်ရမည့်အရွယ် စာသင်ခန်းထဲရောက်အောင် ကြိုးပမ်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့သည်။ ထို့အတူ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးလုပ်ငန်းရပ်များ မိမိတို့ဒေသတွင် မရှိစေရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကာ နမ့်လန်အား ခေတ်မီသော မြို့အဖြစ်ရရှိရေးကို အတူတကွပူးပေါင်းဆောင်ရွက်ကြရန်လည်း ဆွေးနွေးမှာကြားခဲ့ကြသည်။ ထို့အတူ နမ့်လန်မြို့ လျှပ်စစ်မီးပြန်လည်ရရှိရေး၊ လဝက ဆိုင်ရာကိစ္စရပ်များနှင့် မြို့တွင်းလမ်းပိုင်းများ ကောင်းမွန်ရေးတို့ကို မေးခွန်းမေးဆွေးနွေးကြရာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဦးစိုင်းကောင်းသက်စံထံမှ သိရသည်။ The post နမ့်လန်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေး appeared first on Popular .

Go to News Site