Popular Journal
Credit to Popular Journal - မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁ ဒဿမ ၇၆ သန်း) ကျော် လျော်ကြေးပေးရန် နော်ဝေသို့ အကြောင်းကြားစာနို့တစ် ပေးပို့ခဲ့ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အော်စလို၏ ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်း စည်းကမ်းများတွင် အပြောင်းအလဲတစ်ခုကြောင့် မလေးရှားသို့ သီးခြားကာကွယ်ရေးနည်းပညာတင်ပို့မှု လိုင်စင်အချို့ကို ရုပ်သိမ်းခဲ့ကြောင်း နော်ဝေက ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် မလေးရှားကို အံ့အားသင့်စေခဲ့ပြီး သံတမန်ရေးအငြင်းပွားမှုကို ဖြစ်စေခဲ့ကာ အဆိုပါလုပ်ရပ်သည် တစ်ဖက်သတ်ဆန်သော လက်မခံနိုင်စရာလုပ်ရပ်ဟု ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မှတ်ချက်ပြုခဲ့သည်။ အစိုးရအနေဖြင့် တိုက်ရိုက်နှင့် သွယ်ဝိုက် ကုန်ကျစရိတ်နှစ်မျိုးစလုံးအတွက် လျော်ကြေးတောင်းခံမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး မိုဟာမက် ခါလက်နော်ဒင်က ပြောကြားခဲ့ပြီး မလေးရှားသည် […] The post မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း ၂၅၀ ကျော် တောင်း appeared first on Popular .
Go to News Site