Popular Journal
Credit to Popular Journal - လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူပြီးနောက်မြန်မာအသင်းအတွက် ပြန်လည်ကိုယ်စားပြုကစားလိုကြောင်း မောင်မောင်လွင်က ဘောလုံးအဖွဲ့ချုပ်ထံ မေတ္တာရပ်ခံစာတင်ပြမှုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ MFF ထုတ်ပြန်ချက်၌ မောင်မောင်လွင်ကို လက်ရွေးစင်အသင်းတွင် ဆက်လက်ကစားခွင့်ပြုခဲ့ပြီး စည်းကမ်း ထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ (၆) လကြာ ကွင်းပိတ်ပြစ်ဒ-ဏ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁)ရက်တွင် ရုတ်သိမ်းပေးမည်ဟု ဆိုသည်။ မောင်မောင်လွင်သည် အသက်(၁၉)နှစ်အောက် အမျိုးသားလက်ရွေးစင်အသင်းမှစတင်၍ မြန်မာ့လက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပြိုင်ပွဲများ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ကြိုးစားအားထုတ်ခဲ့ခြင်း၊ လက်ရွေးစင်အသင်းခေါ်ယူမှုများတွင် ပျက်ကွက်ခြင်းမရှိဘဲ ပြည်တွင်း/ပြည်ပ နိုင်ငံတ ကာပွဲပေါင်း (၇၆) ပွဲ စွမ်းစွမ်းတမံ ပါဝင်ကစားပေးခဲ့ခြင်း၊ လက်ရှိတွင်လည်း မြန်မာ့လက်ရွေးစင်အသင်း၏ အ သင်းခေါင်းဆောင်အဖြစ် တာဝန်ယူကာ မျိုးဆက်သစ်ကစားသမားများနှင့်အတူ အောင်မြင်မှုရရန် ကြိုးပမ်းနေခြင်းနှင့် ကစားသမားကိုယ်တိုင် အမှားကိုသိရှိပြီး တောင်းပန်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု […] The post မောင်မောင်လွင်ကို မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင် ကစားခွင့် MFF ပြန်ခွင့်ပြု appeared first on Popular .
Go to News Site