Collector
မိုင်းခတ်မြို့နယ်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးဖမ်းမိ | Collector
မိုင်းခတ်မြို့နယ်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးဖမ်းမိ
Popular Journal

မိုင်းခတ်မြို့နယ်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးဖမ်းမိ

Credit to Popular Journal - ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးတို့ကို အဆောက်အအုံများ၊ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မေ ၂၀ ရက်တွင် မိုင်းခတ်မြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ ဖားငင်ကျေးရွာအနီးမှ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများနှင့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆက်လက်စစ်ဆေးရှာဖွေမှုကြောင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများ၊ မြန်မာနိုင်ငံသားများ၊ ဗီယက်နမ်နိုင်ငံသား (စုစုပေါင်း ၆၂ ဦး)ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး စစ်ဆေးပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကာ သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ The post မိုင်းခတ်မြို့နယ်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား(၆၂)ဦးဖမ်းမိ appeared first on Popular .

Go to News Site