Collector
၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုဖြစ်ပေါ်နိုင်ဟု မိုးဇလထုတ်ပြန် | Collector
၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုဖြစ်ပေါ်နိုင်ဟု မိုးဇလထုတ်ပြန်
Popular Journal

၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုဖြစ်ပေါ်နိုင်ဟု မိုးဇလထုတ်ပြန်

Credit to Popular Journal - အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ အယ်လ်နီညိုဖြစ်ပေါ်နိုင်သည့် အခြေအနေများကို တွေ့ရှိရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ် မေလ ၂၁ ရက်တွင် ထုတ်ပြန်သည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ် ခန့်မှန်းချက်များအရ လာမည့် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း ယင်းဖြစ်စဉ်ကြောင့် ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန် မြင့်မားလာခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းနှင့် မိုးခေါင်ရေရှားမှုများ အပါအဝင် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ သို့ဖြစ်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ကြရန် အသိပေးထားပြီး အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် […] The post ၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုဖြစ်ပေါ်နိုင်ဟု မိုးဇလထုတ်ပြန် appeared first on Popular .

Go to News Site