Popular Journal
Credit to Popular Journal - မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါး ကို မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်ပြသရန် လုပ်ဆောင်နေ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါး တူးဖော်ထိန်းသိမ်းထားရှိမှုနှင့် မြို့ရိုးအနီး ကျုံးကူးတံတားတည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ယမန်နေ့ က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ “မော်ကွန်းတံခါးနေရာအား မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်ပြသရန်၊ မူလတည်ဆောက်ခဲ့သော ကျုံးကူးတံတား၏ သစ်သားတိုင်များအား ရှာဖွေတွေ့ရှိခဲ့သော မူလနေရာတွင် ပြန်လည်တည်ဆောက်ရန်၊ တည်ဆောက်ရာတွင် သက်ဆိုင်ရာပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ မူလပုံသဏ္ဌာန်အတိုင်း တတ်နိုင်သရွေ့ ရှာဖွေပုံစံထုတ်ရန်နှင့် ကြံ့ခိုင်အောင်ဆောင်ရွက်ရန်” ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က ပြောကြားခဲ့သည်။ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ မြဝတီတံခါး သုတေသနပြုတူးဖော်နေမှု၊ ယိုးဒယားပေါက်၊ ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော မြို့လေးခံတပ်၊ ပုတ်တလုတ်ကန်နေရာကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။ […] The post တောင်ငူ ကေတုမတီမြို့ဟောင်းပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှိ appeared first on Popular .
Go to News Site