Popular Journal
Credit to Popular Journal - ထိုင်းတော်ဝင်မိသားစုဝင် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း ထိုင်းတော်ဝင်နန်းတော်က မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၄၇ နှစ်အရွယ် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါသည် ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်း၏ အကြီးဆုံးသမီးတော်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ခွေးလေ့ကျင့်ရေးသင်တန်းတစ်ခု၌ ဖျားနာပြီးနောက် ဆေးရုံတက်ကုသမှု ခံယူနေခဲ့ရခြင်းဖြစ်သည်။ ယခင်က နန်းတော်ထုတ်ပြန်ချက်များအရ မင်းသမီးသည် သွေးလည်ပတ်မှုဆိုင်ရာ ပြင်းထန်သည့်ရောဂါခံစားခဲ့ရပြီး အဆုတ်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆေးဝါးများဖြင့် ထောက်ပံ့ပေးနေရကြောင်း သိရသည်။ မေ ၂၁ ရက် ထုတ်ပြန်ချက်တွင် မင်းသမီးမှာ အူမကြီးရောင်ရမ်းမှုကြောင့် ဝမ်းဗိုက်အတွင်း ပိုးဝင်ကူးစက်မှုဖြစ်ပွားခဲ့ပြီး သွေးပေါင်ကျခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် ပုံမှန်မဟုတ်သော သွေးခဲခြင်းတို့ကိုလည်း ခံစားနေရကြောင်း ထိုင်းတော်ဝင်အိမ်တော်ထိန်းဗျူရိုက ဖော်ပြခဲ့သည်။ နန်းတော်၏ […] The post ဆေးရုံတက်နေသည့် ထိုင်းမင်းသမီး “ဘာ” ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာ appeared first on Popular .
Go to News Site