Collector
တစ်ရက်တည်း ဧဝရက်တောင်သို့ တောင်တက်သမား ၂၇၄ ဦး တက်ရောက်ပြီး စံချိန်တင် | Collector
တစ်ရက်တည်း ဧဝရက်တောင်သို့ တောင်တက်သမား ၂၇၄ ဦး တက်ရောက်ပြီး စံချိန်တင်
Popular Journal

တစ်ရက်တည်း ဧဝရက်တောင်သို့ တောင်တက်သမား ၂၇၄ ဦး တက်ရောက်ပြီး စံချိန်တင်

Credit to Popular Journal - ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရက်တောင်သို့ မေ ၂၁ ရက်တစ်ရက်တည်းအတွင်း တောင်တက်သမား ၂၇၄ ဦး တက်ရောက်နိုင်ခဲ့ကြောင်း နီပေါတောင်တက်အရာရှိများက ပြောကြားခဲ့ပြီး ယင်းသည် နီပေါဘက်ခြမ်းမှ တစ်ရက်တည်း တောင်ထိပ်သို့ ရောက်ရှိသူ အများဆုံးစံချိန်သစ် ဖြစ်လာခဲ့ကြောင်း သိရသည်။ ပေ ၂၉,၀၃၂ မြင့်သော ဧဝရက်တောင်သည် နီပေါနှင့် တရုတ်နိုင်ငံ တိဘက်ဒေသ နယ်စပ်တွင် တည်ရှိပြီး နှစ်နိုင်ငံဘက်ခြမ်းမှ တက်ရောက်နိုင်သော်လည်း ယခုနှစ်တွင် တရုတ်အာဏာပိုင်များက ခွင့်ပြုချက်များ မထုတ်ပေးသဖြင့် တိဘက်ဘက်ခြမ်း၌ တောင်တက်သမားများ မရှိကြောင်း တောင်တက်ခရီးသွားလုပ်ငန်းများက ဆိုသည်။ နီပေါတောင်တက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးချုပ် ရီရှီ ဘန်ဒါရီက “ဒါဟာ တစ်ရက်တည်းမှာ တောင်တက်သမား အများဆုံးတက်ရောက်ခဲ့တဲ့ စံချိန်ဖြစ်ပါတယ်” ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ယခင်စံချိန်မှာ ၂၀၁၉ ခုနှစ် မေ […] The post တစ်ရက်တည်း ဧဝရက်တောင်သို့ တောင်တက်သမား ၂၇၄ ဦး တက်ရောက်ပြီး စံချိန်တင် appeared first on Popular .

Go to News Site