Popular Journal
Credit to Popular Journal - နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးသည့် “မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေ ၁၉ ရက်မှ မေ ၂၂ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် ကျင်းပလျက်ရှိပြီး မေ ၁၉ ရက်က ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့) မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း တက်ရောက်ခဲ့ကြောင်း သိရသည်။ သန့်ရှင်းသောလေထု ဖော်ဆောင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တာဝန်ယူမှုရှိသော စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုများ ပိုမိုဖြစ်ထွန်းလာစေရေးအတွက် အမျိုးသားအဆင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကို […] The post မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ ပူးပေါင်းဖြေရှင်းရေး ဆွေးနွေးပွဲ ကျင်းပ appeared first on Popular .
Go to News Site