Collector
စစ်တပ် မုန်းတီးရေး စိတ်ဓာတ်တမျိုးတည်းကို အခြေခံထား၍ တော်လှန်ရေးသက်တမ်း ရှည်ကြာနေဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်ပြောပြန် | Collector
စစ်တပ် မုန်းတီးရေး စိတ်ဓာတ်တမျိုးတည်းကို အခြေခံထား၍ တော်လှန်ရေးသက်တမ်း ရှည်ကြာနေဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်ပြောပြန်
Khit Thit Media

စစ်တပ် မုန်းတီးရေး စိတ်ဓာတ်တမျိုးတည်းကို အခြေခံထား၍ တော်လှန်ရေးသက်တမ်း ရှည်ကြာနေဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်ပြောပြန်

ရန်ကုန်၊ မေ ၂၁ တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်တချို့နှင့် အဖွဲ့အစည်းတချို့က စစ်တပ်မုန်းတီးရေး စိတ်ဓာတ်တမျိုးတည်းကိုသာ အခြေခံထားခြင်းကြောင့် တော်လှန်ရေးသက်တမ်း ရှည်ကြာနေခြင်းဖြစ်သည်ဟု သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က ပြောဆိုသည်။ ယနေ့ မေလ ၂၁ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက ထိုသို့ ထည့်သွင်းဝေဖန်ပြောဆိုထားခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က ၎င်း၏ သဝဏ်လွှာတွင် တော်လှန်ရေးအဖွဲ့အစည်းအချို့၏ မြေပြင်အားနည်းချက်များနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုထားခဲ့ပြီး မျိုးချစ်စိတ်သာရှိရုံ၊ ဗမာစစ်တပ်မုန်းတီးရေး စိတ်ဓာတ်သာရှိရုံဖြင့် တော်လှန်ရေး ရှည်ကြာလာခြင်းဖြစ်ကြောင်း ပြောဆိုသည်။ “အချို့ခေါင်းဆောင်၊ အချို့အဖွဲ့အစည်းတွေက မျိုးချစ်စိတ်သာရှိပြီး တော်လှန်ရေးနည်းလမ်းများ မဖော်ဆောင်တတ်ခြင်း၊ ဗမာစစ်တပ်မုန်းတီးရေးစိတ်ဓာတ်တမျိုးတည်းကို အခြေခံခြင်း၊ ဗမာ့တပ်အားလုံးကို တိုက်ဖျက်ဖို့သာသိခြင်း […] The post စစ်တပ် မုန်းတီးရေး စိတ်ဓာတ်တမျိုးတည်းကို အခြေခံထား၍ တော်လှန်ရေးသက်တမ်း ရှည်ကြာနေဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်ပြောပြန် appeared first on Khit Thit Media .

Go to News Site