Khit Thit Media
ရန်ကုန်၊ မေ ၂၁ ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ပြင်သို့ စစ်ကောင်စီစစ်ကြောင်းများ ထွက်လာသဖြင့် မကြာခဏ တိုက်ပွဲဖြစ် ပွားနေပြီး အထိနာသော စစ်တပ်က စစ်ဘေးရှောင်စခန်းများကို လက်နက်ကြီး၊ ဒရုန်း များဖြင့် ဗုံးကျဲတိုက်ခိုက်နေ ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် မိုးဗြဲ PDF တပ်ဖွဲ့တို့ ထံမှ သိရသည်။ မေလ ၁၃ ရက်နေ့မှစတင်ပြီး မိုးဗြဲမြို့အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်ပူး ပေါင်းတပ် ဖွဲ့များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာမှုကြောင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာလျက်ရှိ ကြောင်း သိရသည်။ “မေလ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတာ၊ စကစဘက်က အင်အား အလုံးအရင်းနဲ့ပို့ပြီး ထိုးနေလို့ ထိတွေ့မှု ခဏခဏ […] The post မိုးဗြဲမြို့ပြင်သို့ စစ်တပ်စစ်ကြောင်းများ ထွက်လာသဖြင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က စစ်ဘေးရှောင်စခန်းများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက် ခိုက်နေ appeared first on Khit Thit Media .
Go to News Site