Khit Thit Media
ရန်ကုန်၊ မေ ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး စစ်တပ်က နေအိမ်များကို ဖောက်ထွင်းပြီး လမ်းသွားလမ်းလာ ပြည်သူများထံမှ တန်ဖိုးရှိ ပစ္စည်းများကို ဓားပြ တိုက်ယူနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မေလ ၂၀ ရက်နေ့ ညပိုင်းတွင် ဖားကန့်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ယူမာရွာ မျော့ခြံနှင့် လုံးခင်းရွာ မျောက်ကုန်း တို့ကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် […] The post ဖားကန့်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စစ်တပ်က နေအိမ်များကို ဖောက်ထွင်းပြီး လမ်းသွားလမ်းလာ ပြည်သူများထံမှ တန်ဖိုးရှိ ပစ္စည်းများကို ဓားပြ တိုက်ယူနေ appeared first on Khit Thit Media .
Go to News Site