Popular Journal
Credit to Popular Journal - ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နေပြည်တော်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက မေ ၂၂ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဒုတိယသမ္မတသည် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ကို သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် “ကျောင်းအပ်နှံရေး သီတင်းပတ်” အတွင်း ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးအတွက် စနစ်တကျစီမံထားရှိမှုများ၊ အခမဲ့ထောက်ပံ့ပေးမည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ စာရေးကိရိယာများ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများ အသင့်ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ဒုတိယသမ္မတက ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ အတတ်ပညာများ တတ်မြောက်စေရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး […] The post အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်လာစေရေး ကျောင်းသား/သူများကို ပြုစုပျိုးထောင်ရန် ဒုတိယသမ္မတ တိုက်တွန်း appeared first on Popular .
Go to News Site