Popular Journal
Credit to Popular Journal - မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ဒေသထွက်လက်မှုပစ္စည်းဖြစ်သည့် စကော၊ စကာယက်လုပ်ငန်းများမှာ ဈေးကွက်သို့ တင်ပို့ရောင်းချရန် ခက်ခဲလာမှုကြောင့် လုပ်ငန်းအများအပြား ရပ်နားထားရကြောင်း ဒေသခံများထံမှ သိရသည်။ နယ်မြေအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ပစ္စည်းတင်ပို့မှုများ အခက်အခဲဖြစ်ပေါ်နေပြီး ဒေသထွက်လက်မှုပစ္စည်းများကို ပြင်ပဈေးကွက်သို့ တင်ပို့ရန် မလွယ်ကူတော့ကြောင်း ဒေသခံများက ပြောသည်။ “အခုကတော့ အတော်များများ ရပ်ထားကြတာပေါ့။ သွားလာရတာ မလွယ်ဘူး။ ကုန်ပစ္စည်းသယ်ဖို့လည်း ခက်တယ်။ နယ်မြေဒေသကလည်းသိပ်မတည်ငြိမ်တော့ ပိုဆိုးတယ်။ တချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် ဆက်လုပ်နေကြသေးတယ်” ဟု ရေစကြိုမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ ဝါးဖြင့်ယက်လုပ်ထားသည့် စကော၊ စကာနှင့် တောင်းများမှာ ရေစကြိုဒေသ၏ ထင်ရှားသည့် လက်မှုပစ္စည်းများဖြစ်ပြီး ယခင်က တရုတ်နိုင်ငံဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်ကာ ဈေးကွက်ပျက်သွားပြီး အရောင်းအဝယ် ကျဆင်းလာခဲ့ကြောင်း ဒေသခံများက […] The post ရေစကြိုမှ လက်မှုလုပ်ငန်းများ ဈေးကွက်တင်ပို့အခက်ခဲကြောင့် ရပ်နားမှုများပြားလာ appeared first on Popular .
Go to News Site