Popular Journal
Credit to Popular Journal - မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၌ မေ ၂၂ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေတချောင်းဘောင်ကျိုးကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ အဆိုပါ ရွှေတချောင်းဘောင်သည် မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်းနှင့် ၈၆ လမ်းထောင့်တွင်ရှိကာ မိုး သည်းထန်စွာရွာသွန်းပြီး မိုးရေစီးဆင်းမှုကြောင့် ကျိုးကျခဲ့ခြင်းဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်ဖြစ်သော သီရိမာလာအရှေ့ရပ်ကွက်ရှိ နေအိမ်များ၊ ရုံးများအတွင်းသို့ ရေဝင်ရောက်မှုနှင့် လမ်းများပေါ်သို့ ရေကျော်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီပေးခဲ့ကြကြောင်း သိရသည်။ The post မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မဟာအောင်မြေမြို့နယ်ရှိ ရွှေတချောင်းဘောင်ကျိုးကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင် appeared first on Popular .
Go to News Site