Popular Journal
Credit to Popular Journal - မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကျောက်စံကျေးရွာတွင် ယနေ့ မေ ၂၃ ရက်နံနက် ၇ နာရီခန့်က နေအိမ်ပေါ်သို့သစ်ပင်လဲကျပိမိမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဥ်ကြောင့် နေအိမ်အတွင်းမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် (စိုးရိမ်ရနှင့် မစိုးရိမ်ရ)ဒ-ဏ်ရာများရရှိခဲ့သဖြင့် ဂရုဏာရိပ်လူမှုကူညီရေးအသင်းက မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး လဲကျနေသည့်သစ်ပင်နှင့် နေအိမ်ပျ-က်စီးမှုများကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်း လင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ယနေ့ မေ ၂၃ ရက်နံနက် ၇ နာရီခွဲခန့်ကလည်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ် ကွက်၊ ၇၁x၇၃လလမ်း၊ မန္တလေးတောင်ခြေရေပေးရေးစီမံကိန်းလမ်းကြား၊ သစ်ဆင်ကျောင်းတိုက် ထူးမဲ့ရိပ်သာကျောင်းရှေ့တွင် သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များကဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ The post မင်းဘူးမြို့နယ်၌ နေအိမ်ပေါ်သို့သစ်ပင်လဲကျပိမိ (၂)ဦးဒ-ဏ်ရာရ appeared first on Popular .
Go to News Site